ပင်စိမ်းရွက် ကျန်းမာစေသလား
ပင်စိမ်းရွက် ကျန်းမာစေသလား? ဆိုတဲ့ အမေးအတွက် အဖြေကတော့ ကျန်းမာစေပါတယ်။ ပင်စိမ်းရွက်က ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်တာကြောင့် ရှေးယခင်ကာလတွေက ပင်စိမ်းကို ကျန်းမာရေးအတွက် အသုံးပြုခဲ့ကြပါတယ်။
ပင်စိမ်းရွက်ကို ငါးတွေ၊ အသားတွေ ချက်ရာမှာ အသုံးပြုကြသလို ငါးလေးချဉ်သုပ်၊ ငါးဖယ်ချဉ်သုပ်တွေကို ပြင်ဆင်ရာမှာလည်း အသုံးပြုကြပါတယ်။
ပင်စိမ်းရွက်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ ကာလတွေကတည်းက ရာသီလာချိန် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ နားကိုက်တာ၊ လည်ချောင်းနာတာတွေကို သက်သာစေဖို့ အသုံးပြုကြပါတယ်။ နှာစေးနှာပိတ်တာကို သက်သာစေဖို့လည်း အသုံးပြုကြပါတယ်။
အများကြီးစားရင်တော့ ရင်ပူတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
ကျန်းမာရေးအတွက် အသုံးဝင်တဲ့ ပင်စိမ်း
ပရိုတင်း၊ အမျှင်ဓာတ်၊ ကယ်လ်ဆီယမ်၊ အမျှင်ဓာတ်ပါဝင်နေတဲ့ ပင်စိမ်းရွက်ကို ဆေးအဖြစ် စားစား၊ အစာအဖြစ် စားစား
နာတာရှည် ရောဂါ ကင်းစေတယ်
အင်ဒီအောက်ဆီးဒင့် ပါဝင်နေတာက ဆီးချို၊ သွေးတိုး၊ ကင်ဆာလိုမျိုး နာတာရှည် ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။
ဘက်တီးရီးယား ကာကွယ်ပေးတယ်
ပင်စိမ်းမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိတာကြောင့် ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အရေပြားပြဿနာကို သက်သာစေသလို အစားကနေ ကူးစက်တဲ့ ဘက်တီးရီးယား ကူးစက်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။
သွေးထဲမှာ ကျန်းမာစေတဲ့ အဆီ တိုးစေတယ်
ပင်စိမ်းက အဆီကျစေနိုင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သွေးထဲက ကျန်းမာစေတဲ့ အဆီတွေကို တိုးစေနိုင်ပါတယ်။
သွေးချိုထိန်းပေးတယ်
အင်ဆူလင် တုံ့ပြန်နိုင်စွမ်း တိုးစေပြီး သွေးချိုပမာဏကို ကျန်းမတဲ့ ပမာဏအတွင်း ရှိနေအောင် ထိန်းပေးပါတယ်။
ဦးနှောက် ကျန်းမာစေတယ်
ပင်စိမ်းက ဦးနှောက် စွမ်းဆောင်ရည်ကို တိုးစေပြီး မေ့တတ်တာ၊ အယ်လ်ဇိုင်းမား ဖြစ်တာမျိုးတွေ မဖြစ်စေဖို့ ကူပေးပါတယ်။
အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေတယ်
ပင်စိမ်းက အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အူနံရံတွေကို အာဟာရ စုပ်ယူနိုင်စွမ်း ကောင်းစေဖို့ ထိထိရောက် ထောက်ကူပေးနိုင်ပါတယ်။
ကိုယ်တွင်းအဆိပ်အတောက် ဖယ်ရှားပေးတယ်
ပင်စိမ်းရဲ့ နောက်ထပ်အာနိသင် တစ်ခုကတော့ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
အသားလှစေတယ်
ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို အသားအရေကျန်းမာစေဖို့ရော လှပစေဖို့ပါ ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။
အရောင်ကျစေတယ်
ကိုယ်တွင်းကိုယ်ပ နာကျင်ရောင်ရမ်းတာ၊ အရေပြား ရောင်ရမ်းနီမြန်းတာတွေ သက်သာစေဖို့ ပင်စိမ်း စားပေးပါ။
ပင်စိမ်းစားတာက အခုလို ကျန်းမာရေး ကောင်းကျိုးတွေကို ရရှိစေမှာပါ။
မွန်မွန်